back

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး၍ ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သည့်လမ်းများ ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

May 02 • 12:38 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး၍ ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သည့်လမ်းများ ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဌသည် ယမန်နေ့ ညနေပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရေဆင်းအခြေခံပညာအထက်တန်...

နေပြည်တော်ကောင်စီဥက္ကဌသည် ယမန်နေ့ ညနေပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရေဆင်းအခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား စခန်းသွင်းသင်ကြားလေ့ကျင့်နေမှုအခြေအနေများ၊ ကျောင်းအိပ်၊ ကျောင်းစား ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

news-view-count-icon

23