back

ဂျပန်နိုင်ငံရဲ့ စက်မှုထုတ်ကုန် ၂ လအတွင်း ပထမဆုံးအကြိမ် ကျဆင်း

May 02 • 11:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံရဲ့ စက်မှုထုတ်ကုန် ၂ လအတွင်း ပထမဆုံးအကြိမ် ကျဆင်း

ဂျပန်နိုင်ငံရဲ့ စက်မှုကုန်ထုတ်လုပ်မှုဟာ နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် မတ်လမှာ ကျဆင်းသွားခဲ့ပါတယ်။ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းက လူစီးမော်တော်ယာဉ်ထုတ်လုပ်မှု ကျ...

ဂျပန်နိုင်ငံရဲ့ စက်မှုကုန်ထုတ်လုပ်မှုဟာ နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် မတ်လမှာ ကျဆင်းသွားခဲ့ပါတယ်။ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းက လူစီးမော်တော်ယာဉ်ထုတ်လုပ်မှု ကျဆင်းသွားလို့ ဖြစ်ပါတယ်။ စက်မှုကုန်ထုတ်လုပ်မှုအညွှန်းကိန်းဟာ ဖေဖော်ဝါရီလကထက် ၁.၁ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ စက်မှုဝန်ကြီးဌာနက ပြောပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ လုပ်ငန်း ၁၅ ခုအနက် ၁၀ ခုမှာ ကျဆင်းခဲ့ပါတယ်။ ပြည်ပတင်ပို့ဖို့အတွက် မော်တော်ယာဉ်ထုတ်လုပ်မှု ကျဆင်းခဲ့လို့ မော်တော်ယာဉ်လုပ်ငန်းနယ်ပယ်အတွက် အညွှန်းကိန်း ၆ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါသည်။



news-view-count-icon

23