back

တိပိဋကကောဝိဒ စာအောင်သံဃာများအား ရန်ကုန်မြို့တွင် ပူဇော်ပွဲ ကျင်းပမည်

May 02 • 11:34 AM

breaking-news

မြန်မာ

ရန်ကုန်

cover

တိပိဋကကောဝိဒ စာအောင်သံဃာများအား ရန်ကုန်မြို့တွင် ပူဇော်ပွဲ ကျင်းပမည်

(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲမှာ အောင်မြင်တော်မူခဲ့တဲ့ သံဃာတော် တွေကို အောင်လက်မှတ်နဲ့ ဘွဲတံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနဲ့ ချီးကျူးပ...

(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲမှာ အောင်မြင်တော်မူခဲ့တဲ့ သံဃာတော် တွေကို အောင်လက်မှတ်နဲ့ ဘွဲတံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနဲ့ ချီးကျူးပူဇော်ပွဲ အခမ်းအနားကို လာမယ့် မေလ ၂၀ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ် ဂူသိမ်တော်ကြီးမှာ မှာ ကျင်းပသွားမယ်လို့ သာသနာရေးဦးစီးဌာနက သိရပါတယ်။ဒါ့အပြင် အခုနှစ်မှာ အောင်မြင်တော်မူကြတဲ့ တိပိဋကဓရ တိပိဋက ကောဝိဒ ၁ ပါး၊ ဒီဃနိကာယ ကောဝိဒ ၂ ပါး၊ ဒီဃ ဘာဏက ၁၁ ပါး၊ ဝိနယ ကောဝိဒ ၁ ပါး၊ ဝိနယ ဓရ ၂၉ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ၇ ပါး၊ ဥဘတော ဝိဘင်္ဂဓရ ၄၆ ပါး၊ စာအောင်သံဃာ ၉၇ ပါး စုစုပေါင်း သံဃာတော် ၁၂၈ ပါးတို့ကို လှူဖွယ်ဝတ္ထုပစ္စည်းတွေနဲ့ ချီးကျူးပူဇော်မှာဖြစ်ပြီး အလှူရှင်တွေအနေနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေကို သာသနာရေး ဦးစီးဌာန၊ စာမေးပွဲ ဌာနခွဲ၊ ညွှန်ကြားရေးမှူးထံ ဆက်သွယ်ပြီး ကြိုတင်လှူဒါန်းနိုင်တယ်လို့ သာသနာ ရေး ဦးစီးဌာနကနေ သိရပါတယ်၊၊



news-view-count-icon

16