ယခုအပတ်တွင် ရန်ကုန်မြို့ ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့ ဘိလပ်မြေ တန်ချိန် (၁,၅၀၀) ထပ်မံ ရောက်ရှိလာခြင်း ဖြစ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရန် ဆောင်ရွက်ပေးလျက် ရှိသည်။ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ် ရောက်ရှိလျက် ရှိပြီး ယခုရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ် ဆက်လက် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။



