စီးရီးအေကလပ် နာပိုလီအသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီတွင် ခေါ်ယူနိုင်ခြင်းမရှိသည့် မန်ယူနိုက်တက်တိုက်စစ်ကစားသမား ဂါနာချိုအား လာမည့်နွေရာသီတွင် ခေါ်ယူရန် ထပ်မံကြိုးပမ်းမည်ဖြစ်ကြောင်း သိရှိရသည်။ နာပိုလီအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီက PSG အသင်းထံ ရောင်းချခဲ့သည့် ဂျော်ဂျီယာတိုက်စစ်ကစားသမား ခါဗရာစကယ်လီယာ၏နေရာတွင် အစားထိုးရန်အတွက် ဂါနာချိုအား ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မန်ယူနိုက်တက်အသင်းသည် ပရီးမီးယားလိဂ်၏ အမြတ်အစွန်းနှင့် ရေရှည်တည်တံံ့မှုစည်းမျဉ်း(PSR) နှင့် ကိုက်ညီမှုရှိစေရန် လာမည့်နွေတွင် အသင်းကစားသမားများကို ရောင်းထုတ်ရဖွယ်ရှိနေကြောင်း သိရသည်။ ဂါနာချိုမှာ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၎င်းကိုရောင်းချပါက အသားတင်အမြတ်ငွေ ရနိုင်သူ ဖြစ်သည်။



