လက်ရှိတွင် ပြည်ပခရီးသွား ဝင်ရောက်မှုနည်းလာခြင်းကြောင့် အမှတ်တရ သစ်သားလက်မှုလုပ်ငန်းများမှာ ပြည်တွင်းရှိ ဘုရားစေတီများနှင့် ပွဲတော်ဈေးကွက်များကိုသာ အားထားလာကြောင်း သိရသည်။ ကိုဗစ်ကာလအပြီးမှစ၍ နိုင်ငံခြားသား ဝယ်သူနည်းလာသဖြင့် အရောင်းအဝယ် ကျဆင်းပြီး၊ ပြည်တွင်း ဝယ်သူများအတွက် စိတ်ဝင်စားဖွယ်ပစ္စည်းများ ထုတ်လုပ်ရန် အာရုံစိုက်လာကြသည်။ လက်ရှိမှာ သစ်သားအိုးပုတ်များ၊ ဇီးကွက်ရုပ်၊ပစ်တိုင်းထောင်ရုပ်နှင့် သော့ချိတ်များသည် လူကြိုက်များသော ပစ္စည်းများဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။



