back

ဘီလ်ဘာအိုအသင်းရဲ့ ဒုတိယအကျော့ ပြန်လာနိုင်စွမ်းကို ပြင်ဆင်ထားရမယ်လို့ အမော်ရင် သတိပေး

May 02 • 6:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘီလ်ဘာအိုအသင်းရဲ့ ဒုတိယအကျော့ ပြန်လာနိုင်စွမ်းကို ပြင်ဆင်ထားရမယ်လို့ အမော်ရင် သတိပေး

အင်္ဂလိပ် ပရီးမီးယားလိဂ်က ကလပ်အသင်းတွေအတွက် မယုံနိုင်စရာကောင်းလောက်အောင် ဥရောပဘောလုံးညတစ်ညမှာမန်ချက်စတာ ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ဘယူနိုက်တက်ရဲ့ အသင်း...

အင်္ဂလိပ် ပရီးမီးယားလိဂ်က ကလပ်အသင်းတွေအတွက် မယုံနိုင်စရာကောင်းလောက်အောင် ဥရောပဘောလုံးညတစ်ညမှာမန်ချက်စတာ ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ဘယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်နဲ့ အဓိက ကစားသမားဖြစ်သူ ဘရူနို ဖာနန်ဒက်စ်ဟာ ဘီလ်ဘာအိုမြေမှာ ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုး သွင်းယူပေးခဲ့ပါတယ်။ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်က “ဒီရလဒ်ကို ဘယ်သူမှ မျှော်လင့်မထားပါဘူး၊ ဒါပေမယ့် ပွဲမပြီးသေးပါဘူး။”“အိုးလ်ထရက်ဖို့ဒ်မှာလည်း ဒီလိုရလဒ်မျိုး ဖြစ်သွားနိုင်တာကြောင့် ကျွန်တော်တို့ ပြင်ဆင်ထားဖို့ လိုပါတယ်။ အဝေးဂိုး စည်းမျဉ်း မရှိတော့တဲ့အတွက် ဘာမဆိုပြောင်းလဲသွားနိုင်တယ်။ ဒါက ကျွန်တော်ကစားသမားတွေကို ပေးချင်တဲ့ သတင်းစကားပါပဲ။ သူတို့ ဒုတိယအကျော့ကို သတိထားရမယ်။ ပြီးတော့ ပွဲရဲ့ ကျန်တဲ့အချိန်တွေထက် ပထမ မိနစ်(၂၀)ကို ပိုပြီး ပြန်စဉ်းစားသင့်တယ်။ ပွဲအစမှာ ကျွန်တော်တို့ တော်တော်လေး ရုန်းကန်ခဲ့ရပေမယ့် သွင်းဂိုးနဲ့ အနီကတ်က ပွဲကို ပြောင်းလဲသွားစေခဲ့တာပါ။” လို့ အမော်ရင်က ပြောဆိုသွားခဲ့ပါတယ်။


news-view-count-icon

31