ကိုရီးယား ကေပေါ့ပ် အမျိုးသားဂီအဖွဲ့ ဖြစ်ပြီး ကိုရီးယားနှင့် တရုတ် နိုင်ငံသားများ ပါဝင်သည် EXO မှ အဖွဲ့ဝင်ဟောင်း Huang Zi Tao သည် တရုတ်ပြည်တွင် အမျိုးသမီး လစဉ်သုံး ပက်ဒ် အမှတ်တံဆိပ် အသစ် Domyway ကို စတင်ရောင်းချသည်။ ဝန်ထမ်းအသစ်များ ခန့်အပ်ရန် အလုပ်ခေါ်စာပို့စ်တွင် ဖော်ပြထားသည့် လိုအပ်သော အချက်များကြောင့် လူအများ စိတ်ဝင်စားမှု ရေချိန်မြင့်မားနေသည်။ Domyway ၏ အလုပ်ခေါ်စာ ပို့စ်တွင် "အမျိုးသမီးများ အဆင်ပြေ" အလုပ်ခွင်ဖြစ်ကြောင်း အသားပေး ဖော်ပြထားသည်။ ထို့ပြင် ပညာရေးဆိုင်ရာ အရည်အချင်း သတ်မှတ်ချက်များ မရှိပါဟု ဖော်ပြထားသည်။ အီးကောမတ်စ် ချန်နယ်မန်နေဂျာ၊ အွန်လိုင်းတွင် ဗီဒီယိုတိုက်ရိုက် ထုတ်လွှင့်သူ၊ ထုတ်ကုန်မန်နေဂျာ၊ ဗီဒီယိုထုတ်လုပ်ရေးတည်းဖြတ်သူ၊ ဒီဇိုင်းကျွမ်းကျင်သူနှင့် ဖြန့်ဖြူးရောင်းချရေး ဦးဆောင်သူ အစရှိသည့် အလုပ်နေရာများအတွက် ခေါ်ယူထားသည်။



