လာမည့် မေလ ၁၁ ရက် ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၌ ၄၂ ကြိမ်မြောက် “ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ” ကျင်းပမည်ဖြစ်ပြီး၊ မဟာဗောဓိညောင်ပင်အနီး၌ ပြုလုပ်မည်သောဤပွဲတွင် သြဝါဒစရိယဆရာတော်များ၊ ဂေါပကအဖွဲ့များနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ ပါဝင်ဆင်နွှဲမည်ဖြစ်ကာ ဘုရားဖူးများလည်း ပါဝင်ပူဇော်နိုင်မည်ဟု သိရှိရသည်။



