မန်စီးတီးနည်းပြ ဂွါဒီယိုလာက စပိန်ကွင်းလယ်ကစားသမား ရိုဒရီနှင့် နော်ဝေတိုက်စစ်မှူး ဟာလန်းတို့ လေ့ကျင့်မှုပြန်လုပ်နေပြီဟု အတည်ပြုပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် Ballon d'Or ဆု ရရှိခဲ့သည့် ရိုဒရီသည် ဒူူးအရွတ်ဒဏ်ရာ(ACL) ကြောင့် စက်တင်ဘာလကတည်းက အနားယူခဲ့ရခြင်းဖြစ်ပြီး ဟာလန်းမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် မတ်လတွင် အနားယူခဲ့ရခြင်းဖြစ်သည်။ ယခုအခါ အဆိုပါကစားသမားနှစ်ဦးစလုံး လေ့ကျင့်မှု ပြန်လုပ်နိုင်ပြီဖြစ်ကြောင်း ဂွါဒီယိုလာက ကြာသပတေးနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။



