အိမ်စီးပြိုင်ကား ထုတ်လုပ်သည့် ပိုရှာ Porsche က ယခုနှစ် ပထမ၃လပတ် အစီရင်ခံစာ ထုတ်ပြန်သည်။ အမြတ်မာဂျင်သည် ၁၄.၂% မှ ၈.၆% သို့ ကျဆင်းခဲ့သည်။ လာမည့်လများအတွက် အမြတ်မာဂျင်ကို ၆.၆-၈.၅%ဟု လျှော့ချ ခန့်မှန်းသည်။ ယခုနှစ်တွင် ပိုရှာ၏ အဓိကဈေးကွက်ဖြစ်သော တရုတ်ဈေးကွက်တွင် ရောင်းအား မကောင်းခြင်း၊ အမေရိကန်သည် သွင်းကုန်ခွန် ၂၅% သတ်မှတ်ထားခြင်းကြောင့် အမေရိကန်တွင်လည်း ရောင်းအား ကျဆင်းနိုင်ခြင်းတို့ကြောင့် ရောင်းအား ဆက်လက်ကျဆင်းမည်ဟု ခန့်မှန်းထားသည်။ ပိုရှာသည် တရုတ်ဈေးကွက်တွင် ရောင်းအားကျဆင်းနေသည်မှာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်သည်။



