ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ယမားလ်က မိမိအနေဖြင့် မိမိကိုယ်ကို မက်ဆီနှင့် နှိုင်းယှဉ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ စပိန်လူငယ်တိုက်စစ်ကစားသမား ယမားလ် (၁၇ နှစ်)သည် မက်ဆီကဲ့သို့ပင် ဘာစီလိုနာအကယ်ဒမီ လာမာစီယာထွက် ကစားသမားဖြစ်ပြီး ပြီးခဲ့သည့်နှစ်များအတွင်း နာမည်ကျော်ကြားလာသူဖြစ်သည်။
ယမားလ်သည် ယခုရာသီတွင်လည်း ဘာစီလိုနာအသင်းတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေပြီး မကြာခဏဆိုသလို ၎င်းကို မက်ဆီနှင့် နှိုင်းယှဉ်ပြောဆိုမှုများ ရှိနေသည်။ သို့ သော် ယမားလ်က မိမိအနေဖြင့် မိမိကိုယ်ကို မက်ဆီနှင့် မနှိုင်းယှဉ်သလို မည်သူနှင့်မျှ နှိုင်းယှဉ်ခြင်းမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



