တောင်ကိုရီးယား ဂယောင်ဘွတ်ပြည်နယ် ဝဲဂွါန်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်နေစဉ် သံပြားလိပ်ပိမိကာ အသက် ၃၃ နှစ်အရွယ် မြန်မာအလုပ်သမား ကိုပြည့်ဖြိုးအောင် သေဆုံးခဲ့ပြီး၊ ၎င်းသည် ၂၀၁၈ ခုနှစ်မှစ၍ E7 ဗီဇာဖြင့် တရားဝင်အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ မိဘနှစ်ပါးကွယ်လွန်ပြီး အမရပူရမြို့နယ်၌ ဦးလေးနှင့်အဒေါ်တို့နှင့်နေထိုင်သူဖြစ်၍ မိသားစုဝင်များအနေဖြင့် ကိုရဲလင်းအောင် (ဖုန်း – 010-2132-0720) သို့မဟုတ် ကိုဇော်မိုးအောင် (ဖုန်း – 010-8894-4770, ကိုရီးယား) တို့ထံ အမြန်ဆက်သွယ်ရန် မေတ္တာရပ်ခံထားသည်။



