မန္တလေးမြို့၊ ၈၄ လမ်း၊ ၂၅ နှင့် ၂၆ လမ်းကြားရှိ ငလျင်ဘေးသင့်ပြည်သူ ၈၀၀၀ နီးပါးကို နေ့စဉ် ထမင်းသုံးနပ်လှူဒါန်းနေသော စူရ်တီဗလီသည် ယနေ့ မေလ ၁ ရက်နေ့မှစတင်ကာ ထမင်းဟင်းဝေငှမှု ရပ်နားတော့မည်ဖြစ်ကြောင်းသိရသည်။စူရ်တီဗလီအတွင်းရှိ နေထိုင်သူများအပါအဝင် ပြည်ပရှိငလျင်ဒုက္ခသည်စခန်းမှ ပြည်သူများကို ထမင်း၊ဟင်းဝေငှမှု အစီအစဉ်ရပ်နားတော့မည်ဖြစ်ကြာင်း ယင်းဗလီကကြေညာသည်။



