back

ရေးဒေသထွက် ဒူးရင်းသီးများ ယခင်နှစ်ထက် ဈေးနှစ်ဆကျော် မြင့်တက်လာ

May 01 • 4:21 PM

breaking-news

မြန်မာ

မွန်

cover

ရေးဒေသထွက် ဒူးရင်းသီးများ ယခင်နှစ်ထက် ဈေးနှစ်ဆကျော် မြင့်တက်လာ

ယခုလို ရေးဒေသထွက် ဒူးရင်းသီးများ အသီးရှားသည့်အတွက် ကုန်သည်များမှလည်း ဈေးကောင်းပေး ကာ ဝယ်ယူလာခဲ့ပြီး ယခင်နှစ်က ငွေကျပ်(၅၀၀၀)တန် ဒူးရင်းသီးတစ်လုံးသည် လက်ရှိ ငွေကျ...

ယခုလို ရေးဒေသထွက် ဒူးရင်းသီးများ အသီးရှားသည့်အတွက် ကုန်သည်များမှလည်း ဈေးကောင်းပေး ကာ ဝယ်ယူလာခဲ့ပြီး ယခင်နှစ်က ငွေကျပ်(၅၀၀၀)တန် ဒူးရင်းသီးတစ်လုံးသည် လက်ရှိ ငွေကျပ်(၁၃၀၀၀) အထိ ဖြစ်လာခဲ့ ကြောင်း မွန်ပြည်နယ် ရေးမြို့နယ်ရှိ အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။ယခုလို အသီးရှားလာသည့်အတွက် ယခင်နှစ်က ငွေကျပ် (၂,၅၀၀) တန် ဒူးရင်းသီးတစ်လုံးသည် ယခုအခါ (၇,၀၀၀) ၊ ယခင် ငွေကျပ် (၃,၅၀၀)တန် ဒူးရင်းသီးတစ်လုံးသည် ယခုအခါ(၉,၀၀၀)နှင့် ယခင် ငွေကျပ်(၅,၀၀၀)တန် ဒူးရင်းသီးတစ်လုံးသည် ယခုအခါ (၁၃,၀၀၀)အထိ ဖြစ်လာခဲ့ကြောင်း သိရသည်။လက်ရှိ ဈေးကွက်ထဲတွင် အရွယ်အစားပေါ်မူတည်၍ ရေးဒူးရင်းသီးတစ်လုံးလျှင် အနိမ့်ဆုံး ငွေကျပ် (၇,၀၀၀)ကျပ် မှ အမြင့်ဆုံး (၅၀,၀၀၀)ကျပ်အထိ ရှိနေကြောင်း သိရသည်။



news-view-count-icon

42