ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခန့်က လူနေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။မီးအားပြင်းသောကြောင့် တစ်ဖက်အိမ်သို့မီးကူးသွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။တစ်နာရီကြာမီးငြိမ်းသတ်ခဲ့ရပြီး မီးလောင်သွားသည့် ပစ္စည်းများကိုလည်း ရပ်ကွက်နေပြည်သူများနှင့် လူမှုကူညီရေးအသင်းက ရှင်းလင်းပေးခဲ့ကြောင်း ဒေသခံကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။



