back

မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ရုံး၌ အခမဲ့ ပြည်သူ့ဆေးခန်းကို ယနေ့မှ စတင်ဖွင့်လှစ်

May 01 • 3:15 PM

breaking-news

မြန်မာ

မန္တလေး

cover

မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ရုံး၌ အခမဲ့ ပြည်သူ့ဆေးခန်းကို ယနေ့မှ စတင်ဖွင့်လှစ်

မန္တလေးအခြေစိုက် မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အဲကွန်း၊အအေးခန်းလုပ်ကိုင်သူများ၊ ပြည်တွင်းပြည်ပအလှူရှင်များစုပေါင်းမှုဖြင့် “စေတနာ အခမဲ့ အရေးပေါ် ပြည်သူ့ဆေး...

မန္တလေးအခြေစိုက် မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အဲကွန်း၊အအေးခန်းလုပ်ကိုင်သူများ၊ ပြည်တွင်းပြည်ပအလှူရှင်များစုပေါင်းမှုဖြင့် “စေတနာ အခမဲ့ အရေးပေါ် ပြည်သူ့ဆေးခန်း”ကို ယနေ့ မေ၁ရက်မှစတင်၍ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။အဆိုပါ အခမဲ့ ပြည်သူ့ဆေးခန်းကို အပတ်စဉ် ကြာသပတေးနေ့၊ သောကြာနေ့၊ စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် နံနက်၈နာရီမှ မွန်းတည့်၁၂နာရီအထိ ဖွင့်လှစ်သွားမည်ဟု သိရသည်။အခမဲ့ပြည်သူ့ဆေးခန်း ဖွင့်လှစ်ထားသည့် နေရာမှာ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ရုံးတည်ရှိသည့် ချမ်းမြသာစည်မြို့နယ်၊ ၁၁၇လမ်း၊ ၅၃လမ်းနှင့် ၅၄လမ်းကြား ဖြစ်သည်။




news-view-count-icon

22