ဇူလိုင်လ ၁၉ ရက်နေ့ ထိုးသတ်မယ့် ဒူဘော့စ်နဲ့ ဒုတိယပွဲမှာ အနိုင်ယူပြီး နောက်ထပ်တစ်ကြိမ် ဟဲဗီးဝိတ်တန်း ချန်ပီယံဆုများ အားလုံးကို ပိုင်ဆိုင်သူဖြစ်လာဖို့ ယုံကြည်တယ်လို့ ယူကရိန်းနိုင်ငံသား အူဆက်ခ်က ပြောကြား သွားပါတယ်။ အူဆက်ခ်ဟာ ပြီးခဲ့တဲ့နှစ် မေလမှာ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖြူရီကို အနိုင်ယူပြီးနောက် ဟဲဗီးဝိတ်တန်း ချန်ပီယံဆုများအားလုံးကို ပိုင်ဆိုင်သူဖြစ်လာခဲ့တာပါ။ ဒါပေမယ့်နောက်ပိုင်းမှာ IBF ဟဲဗီးဝိတ် တန်းချန်ပီယံဆုကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။ တစ်ဖက်မှာတော့ ဒူဘော့စ်က IBF ဟဲဗီးဝိတ်တန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ချန်ပီယံဆု ကာကွယ်ပွဲတွေမှာ အနိုင်ရခဲ့သလို အခုချိန်မှာ အူဆက်ခ်ရဲ့ လက်ကျန် ဟဲဗီးဝိတ်တန်း ချန်ပီယံဆုတွေကို စိန်ခေါ်ဖို့ ဖြစ်လာခဲ့တာပါ။ ဒူဘော့စ်နဲ့ပွဲအတွက် အခုထဲက အဆင်သင့်ဖြစ်နေပါပြီလို့ အသက် ၃၈ နှစ်အရွယ် အူဆက်ခ်က ပြောသွားခဲ့ပါတယ်။
May 01 • 9:10 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


