၂၀၂၅ မေ ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြား ရေမြောင်းများတွင် မြေသားများကို ထုတ်ယူ၍ ရွှေရှာနေသူများကို မြို့ခံများက တွေ့ရှိကြောင်း သိရသည်။ တချို့သည် အင်ဝိုင်းအသုံးပြုပြီး ရေဖြင့် ရွှေကျင်နေကာ စက်များနှင့်အတူ ရွှေရှာကြောင်း သိရှိရသလို၊ ရွှေရှာစက်များကို ဝယ်ယူထားသည့်အပြင် လက်ဝတ်လက်စား ပျောက်ဆုံးမှုများအတွက် ရှာဖွေရေးဝန်ဆောင်မှုအဖြစ်လည်း အသုံးပြုနေကြသည်။



