back

အရေးပေါ်ချေးငွေကို ကပ်ရောဂါနှင့်သဘာဝဘေးအတွက်ပါအသုံးပြုရန်ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံတို့သဘောတူ

May 01 • 7:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

အရေးပေါ်ချေးငွေကို ကပ်ရောဂါနှင့်သဘာဝဘေးအတွက်ပါအသုံးပြုရန်ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံတို့သဘောတူ

အရေးပေါ် နိုင်ငံခြားငွေ လိုအပ်ချက်အတွက် အဖွဲ့ဝင်နိုင်ငံများကို ထုတ်ပေးနိုင်သည့် ချေးငွေအစီအစဉ်အား ကူးစက်ရောဂါများ ဖြစ်ပွားခြင်းနှင့် သဘာဝဘေးအန္တရာယ်များအတွက်ပါ ...

အရေးပေါ် နိုင်ငံခြားငွေ လိုအပ်ချက်အတွက် အဖွဲ့ဝင်နိုင်ငံများကို ထုတ်ပေးနိုင်သည့် ချေးငွေအစီအစဉ်အား ကူးစက်ရောဂါများ ဖြစ်ပွားခြင်းနှင့် သဘာဝဘေးအန္တရာယ်များအတွက်ပါ မေလမှ စတင်ထုတ်ပေးရန် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် အာဆီယံတို့က မျှော်လင့်ထားကြောင်း သိရသည်။Chiang Mai Initiative ခေါ် အဆိုပါ ချေးငွေအစီအစဉ်ကို အာရှစီးပွားရေး အကျပ်အတည်းကာလ (၁၉၉၇-၁၉၉၈ ခုနှစ်အလွန်) ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အသေးစိတ်ညှိနှိုင်း သဘောတူညီခဲ့သောကြောင့် ထိုမြို့အမည်ကို အစွဲပြုခေါ်ဝေါ်ထားခြင်းဖြစ်သည်။အဖွဲ့ဝင်နိုင်ငံမှ ကိုယ်စားလှယ်များ ဧပြီ ၂၇ရက်က အီတလီနိုင်ငံ မီလန်မြို့၌ တွေ့ဆုံစဉ် ချေးငွေတိုးချဲ့ရေး အစီအစဉ်ကို ယခုကဲ့သို့ သဘောတူလိုက်ခြင်း ဖြစ်သည်။


news-view-count-icon

43