ကျားဖြန့် လူမှောင်ခိုခံရမှုများစွာရှိသလို ထိုင်းနိုင်ငံအတွင်း အသက်အန္တရာယ် သေဆုံးမှုများ နည်းမျိုးစုံဖြစ်ပွားခဲ့သဖြင့် ထိုင်းနိုင်ငံ၏ တရုတ်ဗဟိုပြု ပြည်ပခရီးသွားလုပ်ငန်းများ အထူးအကြပ်အတည်းကာလအတွင်း ရောက်ရှိနေသဖြင့် တရုတ်အားပြု မူဝါဒများကို ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်နေပြီဖြစ်ကြောင်း ထိုင်းခရီးသွားနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းရေးမှူး နတ်တာရီယာ တာဝီဝမ် က သတိပေး တိုက်တွန်းသွားခဲ့သည်။ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံခြားငွေများ လဲလှယ်စီးဝင်မှု၏ နောက်ဆုံးခံတပ်သည် တရုတ်နိုင်ငံသား ခရီးသွားများ လာရောက်သုံးစွဲကြခြင်းဖြစ်ရာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာပင် တရုတ်ခရီးသွားများ ထိုင်းသို့လာရောက်မှု ၁၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး ယခင် တစ်နေ့ တရုတ်ခရီးသွား သောင်းနှင့်ချီ လာနေကြအနေအထားမှ ယခု တစ်နေ့ ၇၀၀၀ ပင်မပြည့်တော့သည့်အတွက် စိုးရိမ်ရေအမှတ်ရောက်ရှိနေပြီဟု နတ်တာရီယာက အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြသွားခဲ့သည်။
တရုတ်ခရီးသွားများလာရောက်မှု နည်းပါးလွန်းခြင်းကြောင့် တရုတ်ဦးတည် ခရီးသွားလုပ်ငန်း မူဝါဒများ ပြန်လည်ပြင်ဆင်ရန် ထိုင်းလိုအပ်လာ
May 01 • 7:23 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |


