အမေရိကန် နှင့် ယူကရိန်းတို့သည် နှစ်လကြာ နှောင့်နှေးနေခဲ့သည့် သတ္ထု့တွင်းထွက်ဆိုင်ရာ သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ စစ်ရေးဆိုင်ရာ အကူအညီများ အဆုံးသတ်ခဲ့ပြီးနောက်တွင် ယခုသဘောတူညီချက်သည် ကိဗ်အတွက် ကတိကဝတ်ပုံစံသစ်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရအဖွဲ့က ခေါ်ဆိုခဲ့သည်။ နည်းပညာသစ်များအတွက် အရေးပါပြီး အသုံးပြုရခြင်းမရှိသေးသည့် ၎င်း၏ ကိုယ်ပိုင်မြေရှား ဒြပ်စင် များအပေါ် အချုပ်အခြာအာဏာ အပြည့်အဝရှိခြင်းပါဝင်သော အချိန်ကြာမြင့်သည့် စေ့စပ်ညှိနှိုင်းမှုများအပြီးတွင် သဘောတူညီချက်သည် အဓိကအကျိုးစီးပွားများကို လုံခြုံစေခဲ့သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။
May 01 • 6:47 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 28 | 0 | 0 | 0 |


