မြန်မာနိုင်ငံတွင် ငလျင်ကြောင့် မတ် ၂၈ ရက်နေ့တွင် နိုင်ငံကူးလက်မှတ် လျှောက်မှုအား ခတ္တရပ်နားခဲ့ရပြီး ယနေ့တွင် ပြန်လှည်ဖွင့်လစ်လိုက်ကြောင်း ဝန်ဆောင်မှုပေးသူထံကသိရပါတယ်။မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့၌ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ အနီး၌ ဗဟိုပြု လှုပ်ခတ်ခဲ့သည့် မိုးမင့် စကေး ၇.၇ ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် Online Appointment System ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ေခတ္တရပ်ဆိုင်းခဲ့ပြီး မေလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်ကာ
ရန်ကုန်၊ မြစ်ကြီးနားနှင့် လားရှိုး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် နိုင်ငံကူးလက်မှတ်ဆောင်ရွက်ရန် Online Appointment Date ရရှိထားသူများအား စောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် Appointment Date များ ပြင်ဆင်ထားရှိပါသဖြင့် မိမိတို့ရရှိထားသည့် Appointment Date များကို ပြန်လည်စိစစ်၍ အဆိုပါ ရက်များတွင် သက်ဆိုင်ရာရုံးများ၌ ဆောင်ရွက်နိုင်ပါကြောင်း မြန်မာ နိုင်ငံကူးလတ်မှတ်ထုတ်ပေးရုံးမှထုတ်ပြန်ထားပါတယ်။မြစ်ကြီးနားရုံးတွင် လျှောက်ထားရန် Appointment Date ရရှိသူများသည် မြစ်ကြီးနား၊ မန္တလေးနှင့် ရန်ကုန်ရုံးများတွင်လည်းကောင်း၊ လားရှိုးရုံးတွင် လျှောက်ထားရန် Appointment Date ရရှိသူများသည် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးရုံးများတွင်လည်းကောင်း လျှောက်ထားနိုင်ကြောင်းလည်းအသိပေး ထုတ်ပြန်ထားပါတယ်။


