back

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ စန္ဒာမုနိဘုရားနှင့် အမရပူရမြို့နယ်ရှိ ရွှေကူကြီးဘုရားများတွင် သန့်ရှင်းရေးပြုလုပ်

May 01 • 5:23 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ စန္ဒာမုနိဘုရားနှင့် အမရပူရမြို့နယ်ရှိ ရွှေကူကြီးဘုရားများတွင် သန့်ရှင်းရေးပြုလုပ်

မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၊ ဗဟိ...

မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၊ ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းတို့ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၄၀)ဦးတို့ဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ စန္ဒာမုနိဘုရားနှင့် အမရပူရမြို့နယ်ရှိ ရွှေကူကြီးဘုရားများတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပြိုကျပျက်စီးခဲ့သော အရန်စေတီတော်များအား ဖယ်ရှားရှင်းလင်းခြင်း၊ ဘုရားပြုပြင်ထိန်းသိမ်းရန် အလှူငွေများ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။



news-view-count-icon

63