အရေးပေါ်အခြေအနေကြေညာထားရသော ဂျေရုဆလင်အနီး အလျင်အမြန် ပျံ့နှံ့လောင်ကျွမ်းနေသော တောမီးသည် မြို့အထိရောက်ရှိလာနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဧပြီ၃၀ရက်နေ့တွင် သတိပေးခဲ့သည်။ထူထပ်သော မီးခိုးလုံးများသည် ဂျေရုဆလင်အနီး လမ်းများပေါ် ထွက်ပေါ်နေခဲ့ပြီး လူများစွာ ဒဏ်ရာရရှိစေခဲ့သော တောမီးကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက အသည်းအသန်ကြိုးပမ်းနေသကဲ့သို့ စစ်တပ်ကလည်း တပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ကာ တောမီးငြိမ်းသတ်ရာတွင် ကူညီလျက်ရှိသည်။ အရပ်သား ရာပေါင်းများစွာသည် နှစ်များစွာအတွင်း အဆိုးဝါးဆုံးတောမီးဘေးအန္တရာယ်ကို ရင်ဆိုင်နေရသည်ဟု အစ္စရေး၏ Magen David Adom (MDA) ကယ်ဆယ်ရေးအေဂျင်စီက သတင်းထုတ်ပြန်သည်။ 
| 21 | 0 | 0 | 0 |


