(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးနှင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ပြီးသွေးလှူဒါန်းခြင်းကို မေ(၅)ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြုဆိုဂုဏ်ပြုသောအားဖြင့် သန္ဓေတပ်ဖွဲ့ဝင်(၈၅)ဦး၊ အရန်တပ်ဖွဲ့ဝင်(၂၉)ဦးတို့က စုပေါင်းသွေးလှူဒါန်းကြရာ တပ်ဖွဲ့ဝင်တစ်ဦးလျှင် ကြက်ဥ(၁၀)လုံး၊ အားဖြည့်ရိက္ခာ(၄)မျိုးနှင့် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။ ဆေးရုံကြီး သန့်ရှင်းသပ်ရပ်ရေးအတွက် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်(၆၃၀)ဦးဖြင့် အဆင့်မြင့် မီးသတ်စက်ယာဉ်ဖြင့် ဆေးရုံ၏ အမိုးများ၊ နံရံများပေါ်တွင် ပေါက်နေသော အပင်များ ရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်း၊ ဆေးရုံကြီးအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါတယ်။
(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့
May 01 • 4:31 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


