မိုဇမ်ဘစ်နိုင်ငံ သမ္မတ ဒါနီရယ် ချာပို စတင်တာဝန်ယူသည့် ပထမဆုံး ရက် ၁၀၀ အတွင်း တရုတ်နိုင်ငံမှာ မိုဇမ်ဘစ်နိုင်ငံ၏ အရေးပေါ်အခြေအနေ တုံ့ပြန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အများဆုံး ကူညီထောက်ပံ့ပေးသည့် နိုင်ငံတကာ မိတ်ဖက်အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။ ရက် ၁၀၀ အတွင်း အစိုးရ၏ အခြေအနေတိုးတက်မှုဆိုင်ရာ အစီရင်ခံစာအား ဧပြီ ၂၈ ရက်က တင်သွင်းရာ၌ ချာပိုက မိုဇမ်ဘစ်နိုင်ငံအနေဖြင့် နိုင်ငံတကာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့ကြောင်း၊ ယင်းအနက် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုမှာ ဒေါ်လာ ၆၈.၅ သန်းရှိသဖြင့် လက်ရှိအချိန်ထိ အများဆုံးပမာဏဖြစ်ကြောင်း၊ ထို့အတူ ဂျပန်နိုင်ငံက ဒေါ်လာ ၂၁.၂ သန်း၊ ဆွီဒင်နိုင်ငံက ဒေါ်လာ ၁၁ သန်း အသီးသီးပံ့ပိုးခဲ့ကြောင်း ဖော်ပြခဲ့သည်။
မိုဇမ်ဘစ်နိုင်ငံ၏ အရေးပေါ်အခြေအနေ တုံ့ပြန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုတွင် တရုတ်နိုင်ငံက ထိပ်ဆုံးမှဦးဆောင်လျက်ရှိ
May 01 • 2:20 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


