အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဧပြီ ၂၉ ရက်တွင် ကြေညာချက်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး တင်သွင်းမော်တော်ကားအစိတ်အပိုင်းများနှင့် အမေရိကန်၌ မော်တော်ကားများ တပ်ဆင်သည့် ကားထုတ်လုပ်သူများအား လျော်ကြေးငွေ အတိုင်းအတာတစ်ခုအထိပေးရန် ခွင့်ပြုခဲ့သည်။ ဤနောက်ဆုံးပေါ် အစီအမံအသစ်သည် အမေရိကန်နိုင်ငံ နယ်ပယ်အသီးသီးက အစိုးရ ချမှတ်သော စည်းကြပ်ခွန်မူဝါဒအပေါ် ကန့်ကွက်မှုအသံများ အဆက်အပြတ်ရှိနေပြီး အစိုးရအပေါ် ပေးသည့် ဖိအားများ ပိုမိုကြီးမားလာကြောင်းကို ထင်ဟပ်စေသည်။ဤလျော်ကြေးကို အမေရိကန်၌ တပ်ဆင်သော မော်တော်ကားအစိတ်အပိုင်းများ၏ စည်းကြပ်ခွန် တစ်စိတ်တစ်ပိုင်းကို ခုနှိမ်မည်ဖြစ်ပြီး လျော်ကြေးငွေ ပမာဏသည် အမြင့်ဆုံးအနေဖြင့် မော်တော်ကား လက်လီစျေးနှုန်း၏ ၃.၇၅ ရာခိုင်နှုန်း အထိရှိနိုင်ကြောင်း၊ ဤလျော်ကြေးငွေ အမြင့်ဆုံးသည် ဒုတိယနှစ်တွင် မော်တော်ကား လက်လီစျေးနှုန်း၏ ၂.၅ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
May 01 • 1:59 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


