back

အကောက်ခွန် ရိုက်ခတ်မှု ခန့်မှန်းချက်ကြောင့် အမေရိကန် ထောက်ပံ့ပို့ဆောင်ရေး ထိပ်တန်းကုမ္ပဏီကြီး ဝန်ထမ်းပမာဏ အများအပြား လျှော့ချကြောင်း ကြေညာ

May 01 • 1:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

အကောက်ခွန် ရိုက်ခတ်မှု ခန့်မှန်းချက်ကြောင့် အမေရိကန် ထောက်ပံ့ပို့ဆောင်ရေး ထိပ်တန်းကုမ္ပဏီကြီး ဝန်ထမ်းပမာဏ အများအပြား လျှော့ချကြောင်း ကြေညာ

ယခုနှစ်တွင် ဝန်ထမ်းပမာဏ အများအပြားလျှော့ချခြင်းနှင့် လည်ပတ်နေသည့်ဌာနအများအပြား ပိတ်သိမ်းခြင်း စသည့် နည်းလမ်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချပြီး အမြတ်အစွန်းရနိုင်စ...

ယခုနှစ်တွင် ဝန်ထမ်းပမာဏ အများအပြားလျှော့ချခြင်းနှင့် လည်ပတ်နေသည့်ဌာနအများအပြား ပိတ်သိမ်းခြင်း စသည့် နည်းလမ်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချပြီး အမြတ်အစွန်းရနိုင်စွမ်းကို မြှင့်တင်သွားမည် ဖြစ်ကြောင်း အမေရိကန် United Parcel Service, Inc.(UPS) က ဧပြီ ၂၉ ရက်တွင် ကြေညာခဲ့သည်။ဤ အမေရိကန် ထောက်ပံ့ပို့ဆောင်ရေး ထိပ်တန်းကုမ္ပဏီကြီးသည် ယခုနှစ်တွင် လုပ်ငန်းလည်ပတ်နေသည့် အလုပ်အကိုင်နေရာ ၂ သောင်းခန့်၊ ၎င်းဝန်ထမ်း စုစုပေါင်း လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့် လျှော့ချသွားမည်ဟု စီစဉ်ထားကြောင်း၊ ဇွန်လကုန်ပိုင်း ပထမအဆင့်တွင် ကုမ္ပဏီက ငှားသုံးသောနေရာနှင့် ကိုယ်ပိုင် လုပ်ငန်းလုပ်ဆောင်နေသော နေရာ ၇၃ ခုကို ပိတ်သိမ်းရန် စီစဉ်ထားကြောင်း သိရသည်။


news-view-count-icon

14