လားရှိုးမြို့ ရပ်ကွက် ၇ မှာ ဧပြီ ၃၀ မနက် ၃ နာရီခန့်က အိမ်တစ်အိမ်အတွင်း တံခါးခေါက်လာသူ ၄ ယောက်အနက် ၂ ယောက်ကို မသင်္ကာ၍ အိမ်ရှင်က လုံးထွေးဖမ်းဆီးခဲ့သည်။ ထွက်ပြေးသူ ၂ ယောက်လည်း ရှိသည်။ မကြာသေးမီကလည်း လားရှိုးတွင် ခိုးမှု၊ လုယက်မှုများ တိုးလာပြီး အကျဉ်းသားလွတ်မြောက်မှုနှင့် သက်ဆိုင်နေကြောင်း ဒေသခံများက ပြောကြသည်။



