မတ်လ ၂၈ရက်မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့်စစ်ကိုင်း-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား (အင်းဝ) ရထားလမ်းကူး တံတားသံပေါင်အချို့အား ရေကြောင်းသွားလာမှုများ အဆင်ပြေစေရေးအတွက် စနစ်တကျဖယ်ရှားခြင်းလုပ်ငန်းအစီအစဉ်များ စတင် ခြင်းကိုဧပြီလ၃၀ရက်နံနက်ပိုင်းကကျင်းပရာ တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင်အသုံးပြုသည့် လုပ်ငန်းသုံးစက်ယန္တရား ယာဉ်ကြီးများအား အန္တရာယ်ကင်းပရိတ်ရေများ၊ အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးပြီးနောက်ဖယ်ရှားခြင်း လုပ်ငန်းအစီအစဉ်စတင်ခြင်းအားဆောင်ရွက်ပေးခဲ့ရာ ပြိုပျက်ခဲ့သည့် တံတားသံပေါင်အချို့အား စက်ယန္တရားယာဉ်ကြီးများ အသုံးပြု၍ လူအင်အားတို့ဖြင့် စနစ်တကျ ဖယ်ရှားဆောင်ရွက်နေမှုများကို ကြည့်ရှုကာ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေးကို အထူးဂရုစိုက်ဆောင်ရွက်လျက်ရှိပါတယ်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်း-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား(အင်းဝ)ရထားလမ်းကူးတံတားသံပေါင်အချို့အားစနစ်တကျဖယ်ရှားခြင်း လုပ်ငန်းအစီအစဉ်များစတင်
May 01 • 1:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


