back

ကွတ်ခိုင်မြို့နယ်အတွင်း မိုးကြိုးပစ်ခံရ၍ အမျိုးသား(၃)ဦး သေဆုံး

Apr 30 • 4:32 PM

breaking-news

မြန်မာ

ရှမ်း

cover

ကွတ်ခိုင်မြို့နယ်အတွင်း မိုးကြိုးပစ်ခံရ၍ အမျိုးသား(၃)ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ဟိုနောင်အုပ်စု၊ ကုန်းချမ်းကျေးရွာတွင် မိုးကြိုပစ်ခံရ၍ အမျိုးသား(၃)ဦး သေဆုံးသွားကြောင့် သိရသည်။ကုန်းချမ်းကျေးရွာတွင် ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ဟိုနောင်အုပ်စု၊ ကုန်းချမ်းကျေးရွာတွင် မိုးကြိုပစ်ခံရ၍ အမျိုးသား(၃)ဦး သေဆုံးသွားကြောင့် သိရသည်။ကုန်းချမ်းကျေးရွာတွင် ၂၀၂၅ခုနှစ် ဧပြီလ(၂၈)ရက်နေ့က မိုးသက်လေပြင်း ကျရောက်လာ၍ မီးသွေးဖုတ်ထားသည့် ကြွင်းထဲမှ မီးသွေးများကို သွားထုတ်ယူသည့် အမျိုးသား(၃)ဦးမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည့် အမျိုးသားများမှာ အသက် (၆၂)နှစ်အရွယ် ဦးလွင်ခိုင်၊ အသက် (၃၆)နှစ်အရွယ် ဦးအိုက်လွင်နှင့် အသက် (၃ဝ)နှစ်အရွယ် ဦးအိုက်မွန်းတို့ ဖြစ်ကြောင်း သိရသည်။



news-view-count-icon

13