back

ဧပြီလ ၃၀ ရက် ည ၁၀ နာရီမေလအတွင်း မိုးရွာသွန်းနိုင်ချေ ကြိုတင်ခန့်မှန်း

Apr 30 • 4:30 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဧပြီလ ၃၀ ရက် ည ၁၀ နာရီမေလအတွင်း မိုးရွာသွန်းနိုင်ချေ ကြိုတင်ခန့်မှန်း

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင...

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အလယ်ပိုင်းနှင့်အောက်ပိုင်း)၊ ရှမ်းပြည်နယ် တွေမှာ ၂၀၂၅ ခုနှစ်၊ မေလအတွင်း နှစ်စဉ်ရွာသွန်းမြဲအထက်(အများဆုံး ၁၀ မီလီမီတာမှ ၂၀ မီလီမီတာ = ၀.၄ လက်မ မှ ၀.၈ လက်မ)အထိ မိုးပိုမိုရွာသွန်းနိုင်ပြီး ကချင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့်ထိစပ်လျှက်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသအချို့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်ခန့်သာ မိုးရွာသွန်းနိုင်ပါမယ်။လက်ရှိအချိန်မှာ ဖြစ်ပေါ်နေသည့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းများသည် မေလ ၄ ရက်နှင့်နောက်ပိုင်းတွင် ခေတ္တရပ်တန့်သွားနိုင်ပြီး၊ မေလ ၁၀ ရက်နောက်ပိုင်းတွင် တနင်္သာရီတိုင်းမှ စတင်၍ မုတ်သုံမိုးဦးရွာသွန်းခြင်း စတင်နိုင်မည်ဟု ခန့်မှန်းရပါတယ်။ECMMWF Model ကြိုတင်ခန့်မှန်းချက်အရ မေလ ၁၃ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်ကြောင်းတွေ့ရပါသည်။ ECMWF ခန့်မှန်းချက်အရ ထိုအချိန်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်တို့တွင် မုတ်သုံလေအားကောင်းနေမည်ဖြစ်ကြောင်း၊ လေတိုက်နှုန်း တနာရီ ၃၇ မိုင်ခန့်ရှိနိုင်ကြောင်းတွေ့ရပါတယ်။


news-view-count-icon

25