ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ နယ်၊ မမုန်ကိုင်ကျေးရွာ မိန်းလမ်းမကြီးဘေးနှင့် အင်းတော်ကြီးသွားလမ်း တစ်လျှောက်တွင် ရွှေတူးဖော်နေကြောင်း ဒေသခံများက ဆိုသည်။မမုန်ကိုင်ကျေးရွာနှင့် အင်းတော်ကြီး သွားလမ်းတလျောက်ရွှေတူးဖော်ရာတွင် ဘက်ဟိုး အစီး(၃၀)၊ မြေသယ်ကား အစီး (၆၀)တို့ဖြင့် နေ့၊ ည မပျက် ရွှေတူးဖော်နေခြင်းအား ပြည်နယ်အစိုးရမှ တာဝန်ရှိ ဌာနဆိုင်ရာများမှ တားမြစ်ပေးရန် ဒေသခံများက လိုလားနေကြသည်။



