ONE Championship သည် ကယန်းကျားသစ်မလေး ဗရော်နီကာကို ဒုတိယမြောက်ပွဲထိုးရန်အတွက် ပွဲတည်ပေးလိုက်ပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင် ဗရော်နီကာ ယှဉ်ပြိုင်ရမည့်ပြိုင်ဘက်မှာ ထိုင်းဖိုက်တာမလေး ဂျူနီယာ ဖဲတက် ဖြစ်သည်။ ယခုပွဲစဉ်သည် ဗရော်နီကာ အတွက် ပထမဆုံးပွဲစဉ်ထက် ပိုခက်သောပွဲစဉ် ဖြစ်လာတော့မည်ဖြစ်ပြီး ဂျူနီယာ ဖဲတက်မှာ ONE တွင် ရာနှုန်းပြည့် အနိုင်ရထားသောဖိုက်တာမလေးဖြစ်သည်။ ဗရော်နီကာ သည် ယခုပွဲစဉ်တွင် နှစ်ပွဲဆက်တိုက် အရှုံးရလဒ် မကြုံဆုံရစေရန် အားထုတ်ကြိုးစားရတော့မည်ဖြစ်ပြီး အကယ်၍ ဂျူနီယာ ဖဲတက် ကို အနိုင်ရရှိခဲ့ပါက ဗရော်နီကာ၏ပုံရိပ်မှာ ချက်ချင်းပင် ပြန်လည်မြင့်တက်သွားတော့မည်ဖြစ်သည်။ ပွဲစဉ်ကို လာမည့် မေလ ၉ ရက် သောကြာနေ့ ၇ နာရီ ခွဲတွင် စတင်မည် ဖြစ်သည်။



