back

လမ်းခွဲပြီး နှစ်တွေကြာမြင့်တာတောင် ကိုယ်စီအချစ်သစ်ထပ်မရှာတော့တဲ့ Song Seung Hun နဲ့ Liu Yifei

Apr 30 • 1:11 PM

breaking-news

မြန်မာ

ပြည်ပ

cover

လမ်းခွဲပြီး နှစ်တွေကြာမြင့်တာတောင် ကိုယ်စီအချစ်သစ်ထပ်မရှာတော့တဲ့ Song Seung Hun နဲ့ Liu Yifei

ဂူဂူးဆိုပြီး လူသိများတဲ့ နာမည်ကြီးမင်းသမီးချော Liu Yifei ဟာ သူမရဲ့ဘဝမှာ ချစ်ရသူဆိုလို့ တစ်ယောက်ပဲရှိခဲ့ပြီး အတည်တွဲခဲ့ပါတယ်။ Liu Yifei ရဲ့ ချစ်ဦးသူ ရည်းစားဟောင်...

ဂူဂူးဆိုပြီး လူသိများတဲ့ နာမည်ကြီးမင်းသမီးချော Liu Yifei ဟာ သူမရဲ့ဘဝမှာ ချစ်ရသူဆိုလို့ တစ်ယောက်ပဲရှိခဲ့ပြီး အတည်တွဲခဲ့ပါတယ်။ Liu Yifei ရဲ့ ချစ်ဦးသူ ရည်းစားဟောင်းကတော့ တောင်ကိုရီးယားမင်းသားချော Song Seung Heon ပါ။ ၂၀၁၅ မှာ "The Third Way of Love" ကို အတူတွဲဖက်ရိုက်ကူးရင်း Song Seung Heon နဲ့ Liu Yifei တိုဟာ တကယ့်ချစ်သူ‌တွေ ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံ၊လူမျိုးချင်းကွာခြားသလို အသက်အားဖြင့်လည်း ၁၀ နှစ်ကျော်ကွာပါတယ်။ တွဲနေစဉ်ကာလတလျောက်လုံး Liu Yifei ဖက်က တအားကိုချစ်ခဲ့ပြီး Song Seung Heon ကို လက်ထပ်ဖို့အထိ ရည်ရွယ်ကာ ချစ်ခဲ့တာ‌ဖြစ်ကြောင်း ဖွင့်ပြောဖူးပါသေးတယ်။ ၂၀၁၈၊ ဇန်နဝါရီလမှာတော့ အလုပ်တွေနဲ့ မအားလပ်တဲ့အပြင် LDRS ဖြစ်နေတဲ့ အချစ်ရေးကို ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် လမ်းခွဲပြတ်စဲကြောင်း တရားဝင်ကြေညာခဲ့ပါသည်။



news-view-count-icon

20