back

ဇင်းကျိုက်မြို့တွင် ဇာတ်ပွဲ ကပြဖျော်ဖြေနေစဉ် လေပြင်းတိုက်ခတ်သောကြောင့် ဇာတ်ခုံပျက်စီးပြီး မြေးအဖွားနှစ်ဦး ထိခိုက်ဒဏ်ရာရ

Apr 30 • 1:05 PM

breaking-news

မြန်မာ

မွန်

cover

ဇင်းကျိုက်မြို့တွင် ဇာတ်ပွဲ ကပြဖျော်ဖြေနေစဉ် လေပြင်းတိုက်ခတ်သောကြောင့် ဇာတ်ခုံပျက်စီးပြီး မြေးအဖွားနှစ်ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုရပ်ကွက်တွင်ဧပြီလ ၂၈ ရက် သန်းခေါင်ချိန်က ဇာတ်ပွဲ ကနေစဉ် လေပြင်းတိုက်‌သောကြောင့် ဇာတ်ခုံပေါ်မှ ဆောင်းဘောက်များန...

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုရပ်ကွက်တွင်ဧပြီလ ၂၈ ရက် သန်းခေါင်ချိန်က ဇာတ်ပွဲ ကနေစဉ် လေပြင်းတိုက်‌သောကြောင့် ဇာတ်ခုံပေါ်မှ ဆောင်းဘောက်များနှင့် ပစ္စည်းများ အောက်သို့ပြုတ်ကျခဲ့ပြီး မြေးအဘွားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။မြေးဖြစ်သူကလေးငယ်မှာ ဆောင်းဘောက်စ်ပိ‌ကာ ဒဏ်ရာရရှိခဲ့ပြီး အဖွားဖြစ်သူမှာ ခေါင်းပေါက်သွားသောကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ထို့ပြင် ဇာတ်ခုံပြိုကျကာ ပစ္စည်းများပြုတ်ကျခဲ့သောကြောင့် ပွန်းပဲ့ထိရှဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိခဲ့ကြောင်း သိရသည်။




news-view-count-icon

32