ငလျင်ဘေးသင့်ခဲ့ရသည့် နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် စားသောက်ကုန်မျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် (၂၄) ပြည်ပါ (ရွှေဝါထွန်း) (၂၉၄) အိတ်၊ စားအုန်းဆီ (၄,၇၄၅) ပိဿာ၊ ဆား (၅၇) ပိဿာ၊ ကုလားပဲ (၂၀)ကျပ် သားပါ (၂၉၄) ဘူး၊ ငါးပိ (၁၈) ပိဿာ၊ ကြက်သွန်နီ (၅၄၈) ပိဿာ၊ အသားတု (၂၄) ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုစွန်ခြောက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် (၂၄) ပြည်ပါ (မနောသုခ) အိတ် (၅၈၀) ၊ စားအုန်းဆီပိဿာ (၅၅,၀၀၀) ၊ ဆား (၁၀၅) ပိဿာ၊ ကုလားပဲ (၂၅) ကျပ်သားပါ (၈၆) ထုပ်၊ ငါးပိ ပိဿာ (၈၀)၊ ငါးနီတူခြောက်၊ အာပဲ့ခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။



