back

(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်ဆရာတော်များအား ချီးကျူးပူဇော်ပွဲ မေ ၂၀ တွင် ကျင်းပမည်

Apr 30 • 8:21 AM

breaking-news

မြန်မာ

ရန်ကုန်

cover

(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်ဆရာတော်များအား ချီးကျူးပူဇော်ပွဲ မေ ၂၀ တွင် ကျင်းပမည်

သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား အောင်လ...

သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် မေ ၂၀ ရက် (အင်္ဂါနေ့) နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်သည်။ အခမ်းအနားသို့ ဆရာတော်ကြီးများအပါအဝင် ပင့်သံဃာ ၁၂၈ ပါးကို လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော်မည်ဖြစ်ပြီး အလှူရှင်များအနေဖြင့် လှူဖွယ်ပစ္စည်းများကို သာသနာရေးဦးစီးဌာနသို့ ကြိုတင်လှူဒါန်းနိုင်ကြောင်း သိရသည်။


news-view-count-icon

37