BYD ၏ ပရီမီယံ အမှတ်တံဆိပ် Denza ၏ Denza D9 MPV အီးဗီမော်ဒယ်ကို အင်ဒိုနီးရှားတွင် ယခုနှစ် ၂၀၂၅ ဇန်နဝါရီလတွင် စတင်ရောင်းချသည်။ ယခုအခါ တရုတ်ကားမော်ဒယ်များအကြား အရောင်းရဆုံးမော်ဒယ် ဖြစ်လာသည်။
ရောင်းဈေးမှာ ရူပီယာ သန်း ၉၅၀ (58,300 USD) ဖြစ်သည်။ တရုတ်ပြည်တွင်းဈေးကွက် ရောင်းဈေးထက် 12,300 USD ပိုများသည်။၂၀၂၅ မတ်လတွင် ၁,၅၈၇ စီး ရောင်းချခဲ့သည်။ ဈေးကွက်ဝေစု ၂.၂% ရရှိသည်။Denza D9 သည် တရုတ်ပြည် MPV ဈေးကွက်ကို ကြီးစိုးထားသည်။ BYD သည် အင်ဒိုနီးရှားဈေးကွက်ထဲသို့ ၂၀၂၄ ဇန်နဝါရီလတွင် စတင်ဝင်ရောက်ခဲ့သည်။ Dolphin, Seal, နှင့် Atto 3 မော်ဒယ် ၃ မျိုး ရောင်းချသည်။ မှာကြားထားသူများထံ ၂၀၂၄ ဇွန်လတွင် ကားများ စတင်ပေးအပ်သည်။


