back

ကချင်ပြည်နယ်တွင် ယာဉ်ရပ်နားကွင်းအတွင်း စုပုံထားသောအကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်း ၁၅ မျိုးဖမ်းမိခဲ့

Apr 30 • 7:48 AM

breaking-news

မြန်မာ

ကချင်

breaking-news
cover

ကချင်ပြည်နယ်တွင် ယာဉ်ရပ်နားကွင်းအတွင်း စုပုံထားသောအကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်း ၁၅ မျိုးဖမ်းမိခဲ့

ဧပြီလ ၂၈ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမ...

ဧပြီလ ၂၈ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဆွတ်ငိုင်တောင်နယ်မြေရှိ ကုန်တင်ကုန်ချစခန်း၊ ယာဉ်ရပ်နားကွင်းအတွင်း စုပုံထားသောအကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်း ၁၅ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆,၆၃၀,၀၀၀)ကို လည်းကောင်း၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် စက်မှုဇုန် နယ်မြေ လမ်းသွယ် (၇) ရှိ ခြံ အမှတ်(၁၁၃)နှင့် (၁၁၄) ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး(ခန့်မှန်း တန်ဖိုးငွေကျပ် ၆၇,၅၄၈,၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၁၇၈,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပါတယ်။



news-view-count-icon

24