ဧပြီ လ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်သယ်ဆောင်ခွင့် အထောက်အထားတင်ပြနိုင် ခြင်းမရှိသည့် သင်းခွေချပ်ကြေးခွံ ၆၄ ပိဿာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၂၀၀,၀၀၀)ကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၂၀၀,၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားဝင်သယ်ဆောင်ခွင့် အထောက်အထားတင်ပြနိုင် ခြင်းမရှိသည့် သင်းခွေချပ်ကြေးခွံ ၆၄ ပိဿာဖမ်းမိခဲ့
Apr 30 • 7:44 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


