back

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားလမ်းရှိ ဖော်တော်ဦးဘုရားဆိပ်အနီး ဧရာဝတီမြစ်အတွင်း ရပ်နား ထားသည့် ကျောက်စုပ်မော်တော်ယာဉ်တစ်စီး သံခွံများဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့

Apr 30 • 7:04 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားလမ်းရှိ ဖော်တော်ဦးဘုရားဆိပ်အနီး ဧရာဝတီမြစ်အတွင်း ရပ်နား ထားသည့် ကျောက်စုပ်မော်တော်ယာဉ်တစ်စီး သံခွံများဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့

ဧပြီလ ၂၉ ရက် ညနေ ၅ နာရီ ၃၅ အချိန်တွင်ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားလမ်းရှိ ဖော်တော်ဦးဘုရားဆိပ်အနီး ဧရာဝတီမြစ်အတွင်း ရပ်နား ထားသည့် ကျောက်စုပ်မော်တော်ယာဉ...

ဧပြီလ ၂၉ ရက် ညနေ ၅ နာရီ ၃၅ အချိန်တွင်ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားလမ်းရှိ ဖော်တော်ဦးဘုရားဆိပ်အနီး ဧရာဝတီမြစ်အတွင်း ရပ်နား ထားသည့် ကျောက်စုပ်မော်တော်ယာဉ်တစ်စီး သံခွံများဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်မှာ-တန် (၈၀) သံခွံကျောက်စုပ်မော်တော်ယာဉ်၏ အင်ဂျင်စက်ခန်းအတွင်း ဘေးနံရံကိုယ်ထည်သံအား ဂဟေဆော်ရာမှ မီးပွားကျ၍ အနီးရှိဒီဇယ်ဆီပုံးမှတစ်ဆင့်မီးလောင်ကျွမ်းခဲ့ကာ“လူထိခိုက်မှုမရှိဘူး” လို့ မြေပြင်အားသွားရောက်ကူညီသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ သိရပြီးအဆိုပါမီးလောင်မှုကြောင့် စက်ခန်းအတွင်းရှိ YUMAX 120 L အဖြူရောင် ဘက္ထရီအိုး (၁)လုံးမှ ဆုံးရူံးမှု တန်ဖိုး(၁၀၀၀၀၀)ခန့်၊ လုံးပတ် ၆ လက်မ၊အရှည်ပေ(၂၀)ခန့်ရှိ ကျောက်စုပ်ပိုက်(၁)ချောင်း၊ တန်ဖိုး (၁၀၀ ၀၀၀)ခန့် ဆုံးရူံးသွားကြောင်း၊ မီးပေါ့ဆမှုကြောင့် ပန်းတောင်းမြို့မရဲစခန်း၏ (ပ)၂၈/၂၀၂၅ ရာဇ သတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပါတယ်။



news-view-count-icon

31