မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ငလျင်ဘေးစိုးရိမ်၍ နေရာပြောင်းရွှေ့နေထိုင်သော ဒေါ်ခင်ဖြူမြင့်တို့၏ နေအိမ်မှ သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ ရွှေထည်နှင့် ငွေများ ခိုးယူသူများကို မန္တလေးတိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ဒေါ်ခင်ဖြူမြင့်နှင့် အစ်မဖြစ်သူတို့သည် ငလျင်ကြောက်သဖြင့် မျက်နှာချင်းဆိုင် တိုက်ခန်းတွင် သွားရောက်အိပ်နေစဉ် ၎င်းတို့၏ ရွှေထည်နှင့် ငွေကျပ်သိန်း ၂၀၀၀ ခန့် ထပ်ခိုးပေါ်မှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၃) နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပြီး စုံစမ်းစစ်ဆေးရာမှ တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။



