ငလျင်ဒဏ်ခံဒေသများတွင် ဆောက်လုပ်ရေးပစ္စည်းများ ဈေးမြင့်တက်နေမှုကြောင့် စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ‘သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ဈေးရောင်းပွဲတော်’ ကို ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ဈေးနှုန်းလျှော့ချ၍ ရောင်းချမည့် ယင်းပွဲတော်ကို မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းမြို့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။



