မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် -ITL Corporation မှ 30,000,000 ကျပ်၊ INNWA Business Group မှ 17,680,000 ကျပ် ၊Penang Malaysia မှ Kok Siew Hong, Tan Gaik Kee, Choong Wai Sum, Tan Siew Choo, Choong Jun Xian, Choong Wen Yen တို့က 924,000 ကျပ်တန်ဖိုးရှိ ဆန်အိတ်(၅၅)အိတ် ၊Seva organise by SSSGAM Sai Jyothi Alma Penang Malaysia မှ 708,000 ကျပ်တန်ဖိုးရှိ မြေပဲဆီ(1 Liter)ဘူး - 72 ဘူး၊KUMAGAI GUMI Co.,Ltd. (Yangon Branch) မှ 42,000,000 ကျပ် တို့ကို ဧပြီလ (၂၈) ရက်နေ့နှင့်ဧပြီလ(၂၉)ရက်နေ့တို့တွင် အသင်းရန်ကုန်ရုံးခွဲ၌ လာရောက်လှူဒါန်းခဲ့ရာ အသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့် ၊ အလုပ်အမှုဆောင်များ နှင့် တာဝန်ရှိသူများက လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။


