ဂါဇာကမ်းမြောင်ဒေသ၌ ထိန်းသိမ်းခံထားရသည့်အစ္စရေးဓါးစာခံများအားလုံးကို ပြန်လွှတ်ပေးပြီး ဟားမတ်စ်အဖွဲ့နှင့် ငါးနှစ်ကြာအပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို အစ္စရေးကပယ်ချခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင်ရုပ်သံလွှင့်ဌာနကသတင်း ထုတ်လွှင့်ခဲ့သည်။အစ္စရေးအကြီးတန်းအရာရှိတစ်ဦးက အစ္စရေးဘက်မှ ယင်းအဆိုပြုချက်ကို တရားဝင်ပယ်ချလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများသို့ပြောကြားခဲ့သည်။“ဟားမတ်စ်အဖွဲ့နဲ့ ငါးနှစ်တာယာယီအပစ်အခတ်ရပ်စဲရေးကို သဘောတူညီရမယ်ဆိုတာက တကယ်တမ်းပြန်စဉ်းစားရင် ဟားမတ်စ်ကိုကူညီလိုက်တာနဲ့အတူတူပါပဲ၊နားထားတဲ့ကာလမှာ လူသူလက်နက်အင်အားပြန်စုစည်းပြီး အစ္စရေးကို ပိုပြီးအင်အားကြီးကြီးနဲ့ တုန့်ပြန်လာနိုင်ပါတယ်" ဟုလည်းသူက ပြောကြားခဲ့သည်။



