back

မေလ၄ ရက်ထိ နိုင်ငံတစ်ဝန်း မိုးရွာနိုင်ဟု မိုးဇလမှထုတ်ပြန်

Apr 29 • 6:23 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မေလ၄ ရက်ထိ နိုင်ငံတစ်ဝန်း မိုးရွာနိုင်ဟု မိုးဇလမှထုတ်ပြန်

လာမယ့် မေလ ၄ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်ပြီး တချို့ဒေသတွေ မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြ...

လာမယ့် မေလ ၄ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်ပြီး တချို့ဒေသတွေ မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂၈ ရက် ညနေ ၆ နာရီ အချိန်မှာ ထုတ်ပြန်ထားပါတယ်။အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တွေက လေနွေးတွေ၊ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသက ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုနဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာတွေကြောင့် မေလ ၄ ရက်အထိ နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်တာလည်းဖြစ်ပါတယ်။မိုးရွာသွန်းနိုင်တဲ့ နေပြည်တော်၊ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာနဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ် ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက် မိုးကြီးနိုင်ပါတယ်။



news-view-count-icon

23