တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကို ပိုင်းခြားထားသည့် မယ်ဆိုင်ချောင်းရေမှာ ယနေ့နံနက်ပိုင်းတွင် မိုးအနည်းငယ်ရွာသွင်းပြီးနောက် ချောင်းရေမြင့်တက်လာသဖြင့် နံနက် ၁၁နာရီခွဲခန့်တွင် တံတား ၁ အနီးနှင့် တာလော့ရပ်ကွက်နေသူများ ပစ္စည်းများ အရေးပေါ်ပြောင်းရွှေ့နေရပါတယ်။



