back

လူနေထိုင်ရန်မသင့်သော အဆောက်အအုံများကို မန္တလေး၊ စစ်ကိုင်းတို့ထက် နေပြည်တော်၌ အများဆုံးတွေ့ရ

Apr 29 • 5:51 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

လူနေထိုင်ရန်မသင့်သော အဆောက်အအုံများကို မန္တလေး၊ စစ်ကိုင်းတို့ထက် နေပြည်တော်၌ အများဆုံးတွေ့ရ

ပြည်တွင်းငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော အဆောက်အအုံများကို စစ်ဆေးခဲ့ရာတွင် မန္တလေး၊ စစ်ကိုင်းတို့ထက် နေပြည်တော်တွင် လူနေထိုင်ရန်မသင့်သည့် Red အဆင့် အဆောက်အအုံများ...

ပြည်တွင်းငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော အဆောက်အအုံများကို စစ်ဆေးခဲ့ရာတွင် မန္တလေး၊ စစ်ကိုင်းတို့ထက် နေပြည်တော်တွင် လူနေထိုင်ရန်မသင့်သည့် Red အဆင့် အဆောက်အအုံများကို အများဆုံးတွေ့ရကြောင်း မြန်မာ နိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတွင် ပြုလုပ်သည့် ငလျင်ဘေးဒဏ်သင့်လျော့ပါးရေးဆွေး နွေးဟောပြောပွဲမှ သိရပါတယ်။မြေငလျင်ကြုံပြီးနောက်တွင် ငလျင်ကြောင့် ထိခိုက်ခဲ့သည့် အဆောက်အအုံများကို ပညာရှင်များက စစ် ဆေးပြီးနောက် အနီရောင်အဆင့်၊ အဝါရောင်အဆင့်၊ အစိမ်းရောင်အဆင့်ဟူ၍ သတ်မှတ်ခဲ့ကြကြောင်း၊ အပျက် အစီး အထိအခိုက်သိပ်မရှိသည့် အဆောက်အအုံများကို အစိမ်းရောင်အဆင့်အဖြစ် သတ်မှတ်ကြပြီး ပြိုကျခြင်း၊ ယိုင်နဲ့သွားခြင်းကြုံသည့် အဆောက်အအုံများကို လူနေထိုင်ရန်မသင့်သော အခြေအနေအဖြစ် အနီရောင်အဆင့်ဟု သတ်မှတ်ခဲ့ကြသည်။ ထို့အပြင် အလွန်အမင်းထိခိုက်ခြင်းမျိုးမရှိဘဲ အချိန်ပေးပြင်ဆင်ရုံဖြင့် ပြန်လည်နေထိုင် နိုင်မည့် အဆောက်အအုံများကို အဝါရောင်အဆင့် သတ်မှတ်ခဲ့ပါတယ်။ပညာရှင်များက စစ်ဆေးပြီးနောက် အစိမ်းရောင်အဆင့်ဖြစ်ခြင်းကြောင့် ပြန်လည်နေထိုင်နိုင်ကြောင်းကို အကြောင်းကြား သော်လည်း အဆောက်အအုံပိုင်ရှင်အများစုက နေထိုင်ရဲခြင်းမျိုးမရှိသေးသည့် အခြေအနေ မျိုးရှိပါတယ်။



news-view-count-icon

47